အမှန်တော့ ဒီ ဘလော့ဂ်ကို ပြန်စလုပ်တာ ငါ စာပြန်ရေးမယ်ဆိုပြီးတော့ တွေးထားတာပါ။ ပြီးတော့ လည်း ဘာမှ ဆက်မဖြစ်လာဘူးပေါ့။ မနှစ် (၂၀၂၂) ဒီဇင်ဘာ ကတည်းက အနည်းဆုံးတော့ တစ်လ တစ်ပုဒ်လောက်တော့ ရေးမယ်ဆိုပြီး ကြုံးဝါးခဲ့တာဟာ ... အခုဆိုရင် ၂၀၂၃ ဖေဖော်ဝါရီကို ရောက်လာပါပြီ။
တစ်ပုဒ်မှ မရေးရသေးပါဘူး ...
တစ်လ တစ်ပုဒ်ကနေ တစ်နှစ်တစ်ပုဒ်ပြောင်းသွားမလားတော့ မသိဘူး။ ပြီးတော့ ဘာရေးလို့ ရေးရမယ်မှန်းလည်း မသိဘူး။
နေ့စဉ် လုပ်ဖြစ်တာလေးတွေ ရေးမလားလို့တော့ စဉ်းစားတယ်။ ဒါပေမယ့် နေ့တိုင်းလုပ်ဖြစ်တာက ရုံးတက်ရုံးဆင်းရယ်၊ သီချင်းနားထောင်ဖြစ်တာရယ်၊ ရုပ်ရှင်၊ စီးရီး နည်းနည်းပါးပါး ကြည့်ဖြစ်တာလောက်ပဲ ရှိတယ်။
လောလောဆယ် အကြိုက်ဆုံးသီချင်းလေးက Lucas Estrada နဲ့ NEIMY တို့ရဲ့ Ocean Quiet ပါ။
ဒီနေ့တော့ ဒီလောက်ပါပဲ၊ ... ဒီထက်လည်းခေါင်းထဲက ထပ်မထွက်တော့ပါဘူး .. ~~~